သတင်းများ

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်
Apr 16,2021
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ၁/၂၀၂၁ ဖွင့်ပွဲကို ယမန်နေ့ နံနက် ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ပျော်ရွှင်ဆင်နွှဲ ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးရိုးရာပွဲ
Apr 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရှမ်းတိုင်းရင်းသားတို့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းလာသည့် သင်္ကြန် (အတက်နေ့)သည် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ခဲ့လေပြီး ယင်းနေ့၌ ရှမ်းအရှေ့ပိုင်း ရှမ်းတိုင်းရင်းသားများ အားလုံးတို့သည် ကမ်းခြေ၊ လယ်ကွင်းပြင်နှင့် လူသူနည်းပါးသည့် နေရာတို့၌ ပျော်ရွှင်စွာ အိုးစည် ဗုံးမောင်းတီး၍ မီးရှူးမီးပန်း လွှတ်တင်ကာ နှစ်သစ်ကို ကြိုဆိုကြသည့် ပွဲတော်ဖြစ်သည်။
မိုင်းယောင်းမြို့နယ်၌ နေရပ်ပြန် မြန်မာအလုပ်သမားများအား ကြိုဆိုလက်ခံ
Apr 16,2021
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၀၃ ဦးသည် ဧပြီ ၁၅ ရက်က အထူးဒေသ(၄) နမ့်ပန်းဒေသမှတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတားမှ ပြန်လည်ဝင်ရောက်လာရာ တာဝန်ရှိသူများက ၎င်းတို့၏ နေရပ်အသီးသီးသို့ လုံခြုံချောမွေ့စွာ ပြန်လည်ရောက်ရှိနိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဆိပ်ဖြူမြို့နယ်၌ လေပြင်းတိုက်ခတ် လူနေအိမ်နှစ်လုံး အမိုးလန်ပျက်စီး
Apr 16,2021
ဆိပ်ဖြူမြို့နယ်၊ အနောက်ကံတွင်း ကျေးရွာ၌ ဧပြီ ၁၅ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံး အမိုးလန်မှု ဖြစ်ပွားသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ
Apr 16,2021
မြန်မာ့ရိုးရာ အတာသင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် စစ်တွေမြို့၊ ဓညဝတီ ဂေါက်ကလပ်၌ ကျင်းပခဲ့သည်။
အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ မြန်မာအလုပ်သမား (၂၀၃)ဦးအား နေရပ်သို့ပို့ဆောင်
Apr 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌ နေရပ်ပြန် မြန်မာအလုပ်သမား(၂၀၃)ဦးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် မိုင်းယုဖက်သို့ သက်ဆိုင်ရာ အဖွဲ့များက ပို့ဆောင်ပေးခဲ့သည်။
ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား နှစ်ဆန်း(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်
Apr 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘုရားဖူးမြော်ခွင့်ပိတ်ထားပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။
လင်းခေးမြို့နယ်၊ နမ့်ဆိုင်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Apr 16,2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁ဝ နာရီက လင်းခေးခရိုင် နမ့်ဆိုင်းကျေးရွာရှိ လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ငွေများ သွားရောက် ကွင်းဆင်းပေးအပ် ခဲ့ကြကြောင်း သိရသည်။