စစ်တွေ ဧပြီ ၁၆
မြန်မာ့ရိုးရာ အတာသင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် စစ်တွေမြို့၊ ဓညဝတီ ဂေါက်ကလပ်၌ ကျင်းပခဲ့သည်။
ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဆုပေးပွဲကို ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကြီးတန်းနှင့် အငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ၊ အကျော့မဲ့ ပထမ၊ ဒုတိယဆုရရှိကြသူများ၊ အဝေးဆုံးရိုက်ချက်နှင့် အနီးဆုံးရိုက်ချက် ဆုရရှိကြသူများကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်ကစားသမား ၅၀ ဦး ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)