သတင်းများ

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ
Apr 17,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကာ နှစ်သစ်ကူးအခါသမယ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် ယနေ့နံနက် ၇ နာရီက မကွေးမြို့ ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟားခါး၌ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 17,2021
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် ကျောက်တန်းမြို့ သမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို
Apr 17,2021
နှစ်ဆန်းတစ်ရက်နေ့တွင် ကျောက်တန်းမြို့ရှိ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရာဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မြန်မာရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အောင်မြင်စွာပိတ်သိမ်း
Apr 17,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် မြန်မာရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက စီမံအုပ်ချုပ်ရေးကောင်စီအိမ်ယာဝန်းတွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Apr 17,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးဝန်း မြက်ခင်းပြင်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်းမြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။
တွံတေး၌ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီပူဇော်ပွဲ ကျင်းပ
Apr 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက် ရင်ပြင်တော်၌ (၄၅၆)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ပွဲကို ယနေ့ ( မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၅ နာရီက ကျင်းပခဲ့သည်။
စစ်တွေမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာရေကစားသူများဖြင့် စည်ကားလျက်ရှိ
Apr 17,2021
စစ်တွေမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ ရေကစားသူများနှင့် ရေပက်ခံထွက်သွားများဖြင့် အထူးစည်ကားပြီး ပျော်ရွှင်အေးချမ်းစွာ ရေကစား လျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်အတက်နေ့၌ ဘားအံမြို့ပတ်ဝန်းကျင် အထင်ကရနေရာများနှင့် ဂူဘုရားများတွင် ကုသိုလ်ပြုသူများ၊ ရေကစားသူများဖြင့် စည်ကား
Apr 17,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၏ ပတ်ဝန်းကျင်ဒေသ အထင်ကရနေရာများ၊ ဂူဘုရားများ၌ သင်္ကြန်ပွဲတော်ရက်များအတွင်း ရေကစားသူများ၊ ကုသိုလ်ပြုကြသူများ၊ လာရောက်လည်ပတ် သူများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့ မဟာသင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် ပိုမိုစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။