ဆိပ်ဖြူ ဧပြီ ၁၆
ဆိပ်ဖြူမြို့နယ်၊ အနောက်ကံတွင်း ကျေးရွာ၌ ဧပြီ ၁၅ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံး အမိုးလန်မှု ဖြစ်ပွားသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အနောက်ကံတွင်းကျေးရွာနေ ဒေါ်ကျန်ရီ၏ သုံးပင်ပတ်လည် လူနေအိမ်မှ သွပ်နှစ်ချပ်နှင့် ဒေါ်စန်းမြင့်၏ သုံးပင်ပတ်လည် လူနေအိမ်မှ သွပ်၂၂ချပ် အမိုးလန်ပျက်စီးခဲ့ပြီး အခြားလူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် (ပြန်/ဆက်)