ရန်ကုန် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘုရားဖူးမြော်ခွင့်ပိတ်ထားပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးသည် ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းဆုံတွင်တည်ရှိပြီး ရန်ကုန်မြို့တွင်းရှိ တန်းခိုးကြီးစေတီ တစ်ဆူဖြစ်ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)