သတင်းများ

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးမိသားစုများ အတာ ရေသဘင်ပွဲဆင်နွှဲမှု ကြည့်ရှုအားပေး
Apr 17,2021
မြန်မာရိုးရာ မဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ခရိုင်ဥက္ကဋ္ဌ ပဒိုအောင်မော်အေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ အတာသင်္ကြန်မဏ္ဍပ်၌ မိသားစုဝင်များ၏ ပျော်ရွှင်စွာ ရေကစားနေမှုများကို ကြည့်ရှု့ အားပေးခဲ့ကြသည်။
မြိုင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် အဆောက်အအုံများ ပျက်စီး
Apr 17,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ဧပြီလ ၁၅ ရက် ညနေ ၆ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်သောကြောင့် သာသနာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှသိရသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များ၌ ရေနံချောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ငြိမ်းချမ်းစွာ ရေကစားသူများ၊ ဥပုသ်သီလ စောင့်တည်သူများဖြင့် စည်ကားလျက်ရှိ
Apr 17,2021
မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များ၌ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ အထင်ကရ နေရာတစ်ခုဖြစ်သော သုံးဆယ့်ခြောက် ကျေးရွာရှိ ပင်းချောင်း တစ်လျှောက်၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ငြိမ်းချမ်းစွာ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ဘုရား၊ ကျောင်းကန်၊ ဇရပ်များတွင်လည်း ဥပုသ်သီလ စောင့်တည်သူ အများအပြားရှိကြောင်း သိရသည်။
သင်္ကြန်အတက်နေ့ ပခုက္ကူမြို့သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး ဘုရားဖူးသူများဖြင့် စည်ကား
Apr 17,2021
မြန်မာနှစ်သစ်ကူးကာလ မဟာသင်္ကြန်အတက်နေ့ ယမန်နေ့က ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာ ဘုရားကြီး၌ ဘုရားဖူးသူများ၊ ပန်း၊ ရေချမ်းကပ်လှူသူများနှင့် ဘုရားကြီးဝန်းအတွင်းရှိ ဘုရားများ၌ ရေသပ္ပာယ်သူများဖြင့် စည်ကားလျက်ရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဟာသင်္ကြန်အတတ်နေ့တွင် စတုဒီသာကျွေးမွေးသူများပြား
Apr 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် မဟာသင်္ကြန် အတတ်နေ့တွင် မိမိတို့၏နေအိမ်အတွင်း သီတင်းသီလ ဆောက်တည်ကြသူများနှင့် စတုဒီသာ ကျွေးမွေးသူများပြားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်သို့ သွားရောက်ဖူးမြော်ကြည်ညို
Apr 17,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် နှစ်သစ်ကူး အတာသင်္ကြန် အတက်နေ့ ယမန်နေ့ နံနက် ၈ နာရီအချိန်က ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမျှော်ကြည်ညို၍ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှု့အား ပေးခဲ့ကြောင်း သိရသည်။
တီးတိန်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်
Apr 17,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကန်နီပေါက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
Apr 17,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံနယ်မြေမီးသတ်စခန်း၏ အရှေ့တောင်ဘက် ၈မိုင်ခန့် အကွာရှိ ကန်နီပေါက် ကျေးရွာတွင် ယမန်နေ့ နံနက် ၂ နာရီ နှစ်ဆယ်ငါးမိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။