ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်

ဂန့်ဂေါ ဧပြီ ၁

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ၁/၂၀၂၁ ဖွင့်ပွဲကို ယမန်နေ့ နံနက် ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး က အမှာစကား ပြောကြားပြီး သင်တန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမင်းစိန်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်စိုးမြင့်ခိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးသိန်းဇော်ထွန်း တို့က ကဏ္ဍအလိုက် ပို့ချဆွေးနွေးကြသည်။ သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၃၆ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

တောင်သားမောင်သန်း