ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ စတုဒိတာများလှူဒါန်း
Apr 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁) တိုးချဲ့ ရပ်ကွက်၊ မဟာမြိုင်အိမ်ရာနှင့် တော်ဝင်အိမ်ရာမိသားစုများ စုပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့တွင် ရပ်ကွက်နေပြည်သူများအား စတုဒိတာအဖြစ် ဆန် (၁)ပြည်၊ ပဲကုလားဟင်း၊ ငပိကြော်နှင့် ကြက်သွန်နီတို့ကို လှူဒါန်းခဲ့ကြသည်။