သတင်းများ

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီး
Apr 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၄ ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်ခန့်က ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာ(၆)ရွာတွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ပဲခူးမြို့နန်းတော်ရာရပ်ကွက် အင်းဝင်(၁၀)လမ်း၌ မီးလောင်မှုဖြစ်ပွား
Apr 15,2021
ပဲခူးမြို့၌ ဧပြီ ၁၄ ညနေ ၂ နာရီ ၄၅ တွင် နန်းတော်ရာရပ်ကွက် အင်းဝင်(၁၀)လမ်းထိပ် ဟက်ပီးဆိုင်ကယ် အရောင်းဆိုင် ဂိုထောင် မီးလောင်မှုဖြစ်ပွား၍ (၁၄း၅၀)အချိန်ခန့်တွင် ပဲခူးမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၄၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် မီးလောင်မှု ဖြစ်ပွားရာ ​ဒေသသို့ မီးသွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၅း၁၅ အချိန်ခန့်တွင် မီးငြိမ်းခဲ့သည်။
မိုင်းယောင်းမြို့၌ တန်ခိုးကြီး ဘုရားဖြစ်သည့် “ရှဲန်တောင်း”ဘုရား၊ “ဖကျောက်တစ်”ဘုရားများ လှည့်လည်ရေသပ္ပါယ် ကြည်ညိုပူဇော်ခံ
Apr 15,2021
မြန်မာမိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်း မြို့နယ်၌ တန်ခိုးကြီး ဘုရားဖြစ်သည့် “ရှဲန်တောင်း”ဘုရား၊ “ဖကျောက်တစ်”ဘုရားအား မြို့တွင်း လှည့်လည် ရေသပ္ပါယ်ကြည်ညိုခံခြင်းကို သင်္ကြန် အကြတ်နေ့တွင် ပင့်ဆောင်ပူဇော်ကြောင်း မြို့နယ် ဂေါပကအဖွဲ့မှ သိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး
Apr 14,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မဟာသင်္ကြန်အကျနေ့ ငပလီကမ်းခြေတွင် လာရောက်အပန်းဖြေအနားယူသူများဖြင့် အထူး စည်ကား
Apr 14,2021
ယနေ့သည် ဧပြီ ၁၄ ရက်နေ့ နှစ်သစ်ကူး အတာသင်္ကြန်အကျနေ့ဖြစ်ပေရာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်၍ အပန်းဖြေအနားယူသူများ၊ ရေကူးကြသူများ၊ စျေးရောင်းသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့တွင် နှစ်သစ်ကူးသင်္ကြန်အကျနေ့၌ ရခိုင်ရိုးရာ နံ့သာသွီးပြိုင်ပွဲကျင်းပ
Apr 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကျနေ့တွင် ရခိုင့်ရိုးရာယာဉ်ကျေးမှုဓလေ့စရိုက်ထုံးစံတစ်ခုဖြစ်သည့် ရခိုင့်ရိုးရာနံ့သာသွီး ပြိုင်ပွဲကို မြောက်ဦး လူငယ်များအစည်းအရုံးမှကြီးမှူး၍ ယမန်နေ့ညနေ ၆ နာရီအချိန်က ကြက်ဈေးရပ်ကွက် ဦးဥတ္တမပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့၌ စတုဒိသာများ ကျွေးမွေးလှူဒါန်း
Apr 14,2021
ယနေ့ ၁၃၈၂ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သင်္ကြန်ကုသိုလ်အဖြစ် စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
အိမ်တွင်းမှုအတတ်ပညာ သင်တန်းဖွင့်ပွဲသို့ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေး
Apr 14,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် အသိပညာ တိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချ ပေးလျက်ရှိရာ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီတွင် မေခခန်းမ၌ ဝန်ထမ်းများအတွက် အိမ်တွင်းမှု အတတ်ပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။