လင်းခေး ဧပြီ ၁၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁ဝ နာရီက လင်းခေးခရိုင် နမ့်ဆိုင်းကျေးရွာရှိ လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နားကုန်း ကျေးရွာအုပ်စု၊ နမ့်ဆိုင်းကျေးရွာမှ လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ၄င်းရွာရှိ ပြည်သူ(၁ဝ)ဦး လေဘေးသင့် ခံခဲ့ကြသည်။
လူနေအိမ်များ ပျက်စီးဆုံးရှုံးတန်ဖိုးမှာ ကျပ်ရှစ်သိန်းရှစ်သောင်းလေးထောင်(၈၈၄ဝဝဝိ-)ခန့်ဖြစ်ပြီး အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူနိုင်ရန် တစ်အိမ်ထောင်လျှင် ကျပ်(၉ဝဝဝဝိ/-)စီနှင့်၊ နှစ်အိမ် အတွက် ဆန်ရိက္ခာဖိုးကျပ်(၂၁ဝဝဝိ/-)စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂ဝ၁ဝဝဝိ)အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးစိုင်းသိန်းဇော်ဦး၊ “နမ့်ခုံး”ရှမ်းများ ပရဟိတအသင်း(ခွဲ) နားကုန်းကျေးရွာမှ ဒေါ်နန်းမြဝင်း တို့က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းရွှေ၏ ရှေ့မှောက်၌ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)