ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
May 03,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ စီမံဆောင်ရွက်မှုဖြင့် ရဟန်းသံဃာများ ဘာသာရေးအသင်းအဖွဲ့များ နိုင်ငံ့ဝန်ထမ်းများ စေတနာ့ဝန်ထမ်း များနှင့် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ဧပြီလ ၄ ရက်နံနက် ၈နာရီအချိန်မှ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ပြီး ယနေ့မေလ ၃ရက်နေ့ နံနက် ၈ နာရီအချိန် တွင် အခြေခံပညာ အထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။