လပွတ္တာ မေ ၄
(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ခြင်းအဖြစ် ယနေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ် ခုတင်၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များနှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များက လိုအပ်သော လူနာများအတွက် စုပေါင်းသွေးလှူဒါန်းခြင်းကို ခရိုင်မီးသတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်က အားပေးစကားပြောကြားပြီး ခွန်အားဖြည့် အစားအစာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ မီးသတ်စွမ်းရည် ပြိုင်ပွဲများနှင့် ယူနီဖောင်း၀တ်ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့သည်။
ထို့နောက် ယမန်နေ့က လပွတ္တာမြို့နယ်သင်္ကျာမာရဇိန် ဆုတောင်းပြည့်ဘုရားကြီး၌ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဘုရားရင်ပြင်တော် ရေသပ္ပာယ်ခြင်းလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်ခြင်းနှင့် လပွတ္တာမြို့ပေါ်ရှိ အ.ထ.က(၂)ကျောင်း အတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်