နတ်မောက် မေ ၄ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သောက်သုံးရေရှားပါးသော ကျေးရွာများသို့သောက်သုံးရေများ သွားရောက် လှူဒါန်းရာတွင် ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က သမှုန်းပင်ကျေးရွာသို့ သောက်သုံးရေများ သွား ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် နတ်မောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဌေးမော်၏ လမ်းညွှန်ချက်ဖြင့် ဒု-ဦးစီးမှူး ဦးရဲလင်း နောင်၊တပ်ဖွဲ့ဝင်(၄)ဦး ၊အရန်တပ်ဖွွဲ့ဝင်(၂)ဦးဖြင့် မီးသတ်ရေ သည်ယာဉ် (၂)စီး၊ရေဂါလံ(၃၂၀၀)ကိုသွားရောက် လှူဒါန်းပေးခဲ့သည်။သမှုန်းပင်ကျေးရွာတွင် အိမ်ထောင်စု(၁၂၅) စုအတွက် သောက်သုံးရေများ သွားရောက် လှူဒါန်း ပေးခြင်း ဖြစ်ပြီး၊ဆက်လက်၍ လည်းနတ်မောက် မြို့နယ်အတွင်းသောက်သုံးရေရှားပါးသောကျေးရွားများသို့သွားရောက် လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းမြတ်