ကျိုက်ဒုံ မေ ၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မိုးရာသီကာလမှာ ရေကြီးရေလျှံမှုများဖြစ်ပွားမှုမရှိစေရေး၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ် ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၅၃.၄၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး လမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာမှာ ရေမြောင်းပေ အရှည် ၂×(၉၆၀) ပေ၊ အကျယ်၂ ပေ ၆လက်မ၊ အနက်၂ပေ၆လက်မရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။