မော်လမြိုင် မေ ၃
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် သက်ဆိုင် ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယနေ့ နံနက် ၁၁ နာရီအချိန်က မော်လမြိုင်မြို့ အတွင်းရှိ ပြည်သူ့ ဆေးရုံများ ပြန်လည်ဖွင့်လှစ်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မော်လမြိုင်မြို့ ကုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော လူနာများအား လှည့်လည်ကြည့်ရှုကာ လူနာများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံ ကြီးအစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ သည် ပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေ ကျပ်(၂၅)သိန်းကို ထောက်ပံ့ပေးအပ်ကာ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ကျေးဇူးတင်စကား ပြောကြား ပြီး တက်ရောက်လာကြသော ဆရာဝန်များက လိုအပ်သည် များကို ဆွေးနွေး တင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကုတင်(၂၀၀) ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်များအား လှည့်လည် ကြည့်ရှုပြီး ကလေးငယ်များအတွက် အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ကာ အစည်း အဝေးခန်းမတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြား၍ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးအတွက် အလှူငွေကျပ်သိန်း(၂၀)ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပေါင်မြို့နယ် သဲဖြူကုန်းကျေး ရွာအုပ်စု ကန်ဖြူကျေးရွာရှိ နန်းတော် နွားအလှမွေးမြူရေးခြံသို့ သွားရောက်၍ နွားများစနစ် တကျမွေးမြူ ထားမှုအား ကြည့်ရှုပြီး သဲအိမ်ကျေးရွာရှိ ပဒုမ္မာရာဘာသန့်စင်စက်ရုံတွင် သန့်စင်ရော်ဘာများ ထုတ်လုပ် နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)