ပွင့်ဖြူ မေ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု ၊ ရေယဉ်ကျေးရွာတွင် မေ ၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် (၄)လုံး အမိုးလန်ပျက်စီး မှုအတွက် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မေ ၃ ရက် ၊ ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးပြည့်ဖြိုး ကျော်နှင့် မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မိုးဦးကာလများတွင် မိုးသက်လေပြင်းနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ဘေးအန္တရာယ်ထိခိုက်မှုများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ခြင်းများ အလေးထားဆောင်ရွက်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက သက်ဆိုင်ရာဌာနများကို အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့သွားရန်တို့ကို ဆွေးနွေး မှာကြားကာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် ၃၀၀၀၀ စီနှင့် လေဘေးသင့် အိမ်ထောင်စုဝင်(၁၆)ဦးအတွက် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၃၃၆၀၀ အား လေဘေး သင့်ပြည်သူ များထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်