လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်

လှိုင်းဘွဲ မေလ ၄

၂၀၂၁ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် အခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်လေးက အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအားကစား သမားများအနေဖြင့် ကိုယ့်မြို့နယ်၏ ဂုဏ်ကိုမြင့်တင်နိုင်ရန်အတွက် အကောင်း ဆုံး ကြိုးစားကစားကြရန် မှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက အောင်နိုင်ရေးအလံကို အားကစားနှင့်ကာယပညာဦးစီးဌာန အာ/ကာမှူး ဒေါ်မိနန္ဒာမွန်ထံ ပေးအပ်ခဲ့ပြီး အခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်လေးက ကြက်ဥနှင့်မားမားထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)