ဝေါ မေ ၅
ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါကူးစက်ခံရသူများထဲမှ သေဆုံးသူ (၅)ဦးရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည် ကျန်းမာလာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်း ပထမအကြိမ်(၉၈၁)ဦးနှင့် ဒုတိယအကြိမ်တွင် (၈၃၄)ဦးတို့အား လည်းကောင်း၊ ဘုန်းတော်ကြီးများ ပထမအကြိမ် (၆၉၈) ဦးနှင့် ဒုတိယအကြိမ် (၆၁၉)ဦးတို့အား ကာကွယ်ဆေးထိုးပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့က ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် (၁၈) နှစ် အထက်ဒေသခံပြည်သူများအား ပထမအကြိမ် COVISHELD ကာကွယ်ဆေး လူဦးရေစုစုပေါင်း (၂၉၀၇) ဦးအား ထိုးနှံပေးခဲ့သည်။
ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား မေလ(၅) နေ့မှစ၍ မေလ (၈) ရက်နေ့ထိ ဒုတိယ အကြိမ်ဆက်လက် ထိုးနှံပေးခြင်းကိုလည်းကောင်း၊ မေလ (၁၉)ရက်နေ့မေလ(၂၀) ရက်နေ့တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနိုင် နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)