မောင်တော မေ ၄
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မေ ၃ ရက်နေ့မှ စတင်ကာ ရပ်ကွက် ၊ ကျေးရွာအုပ်စုရှိ စုရပ် အသီးသီး၌ ကွင်း ဆင်းကာ ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ ရပ်ကွက် ကျေးရွာအုပ်စု စုရပ်အသီးသီးရှိ ကိုယ် ဝန် ဆောင် မိခင် နှင့် အသက် (၂) နှစ် အောက် ကလေးများ အား အဆုတ် ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက် ညာ၊ အသည်းရောင် အသားဝါ၊ ဦး နှောက် အမြှေးရောင်၊ နမိုးနီးယား ကာ ကွယ် ဆေး၊ပိုလီယို သောက် ဆေးနှင့်ထိုး ဆေး၊ မေးခိုင် ရောဂါ ကာကွယ် ဆေး၊ ဝမ်း ရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ကာကွယ် ဆေးထိုး နှံပေးလျှက်ရှိရာ အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား မေ (၃) ရက်နေ့မှ စ၍ မေ (၈) ရက်နေ့အထိ ထိုးနှံ တိုက်ကျွေးခြင်း များကို ကွင်းဆင်း ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်