မန္တလေး မေ ၅
(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ဗဟိုမီးသတ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ သဝဏ်လွှာဖတ်ပြီး စံပြမီးသတ်စခန်းဆုနှင့် စံပြအမြန်လမ်းမီးသတ်စခန်းဆုချီးမြင့်ကာ အရန်မီးသတ် စခန်းများအား အမှတ်တရလက်ဆောင်ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်၊ မန္တလေးခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုတို့က သင်တန်းများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာမှ တိုင်းအဆင့်ကျင့်ဝတ်ဆု ရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများ၊ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ကိုကိုနှင့် မြို့နယ်များမှ ဦးစီးမှူးများ၊ တပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်လင်းထက်