အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မန္တလေး   မေ  ၅

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၁၀နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/ခ) ၆၂လမ်း၊ ၁၉လမ်းနှင့်လမ်း၂၀ကြားရှိ အရှေ့ခင်မကန်တိုက်၊ ကထိန်ကျောင်း၊ ပတ္တမြားက ထိန်ကျောင်းဆောင်၌ ပြုလုပ်သည်။

အခမ်းအနားသို့ မဟာဝိဇယာရာမ ခင်မကန်တိုက် ပဓာနနာယက တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုဇနပါပင့်သံဃာ(၁၀၀)ပါး၊ မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာလှရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုဇနထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ခရိုင်အဖွဲ့ဝင်ဒေါက်တာလှရွှေက တိုက်အုပ် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုက်အုပ်ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေပြီး ခရိုင် အဖွဲ့ဝင်ဒေါက်တာလှရွှေနှင့် တာဝန်ရှိသူများက ဆရာတော်/သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ ဆရာတော်/သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် အောင်မြေသာစံမြို့နယ်တွင် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 ဇော်လင်းဦး(အောင်စံ)