ရန်ကင်းမြို့နယ် ကလေးဆေးရုံကြီးတွင် လူနာများအား ဆေးဝါးကုသမှုများ ပုံမှန်ဆောင်ရွက်ပေး လျက်ရှိ

ရန်ကင်း မေ ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ကလေးဆေးရုံကြီးတွင်  အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများအား (၂၄)နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းကလေးဆေးရုံကြီး၌ ယခင်ပါမောက္ခအပါအဝင် ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်း အငယ်တန်းရုံးဝန်ထမ်းအင်အား (၄၈၀) ဦးဖြင့် ဆေးရုံးလုပ်ငန်းများ လည်ပတ်ခဲ့ရာမှ ဧပြီလ နောက်ဆုံးပတ်မှစ၍ ပါမောက္ခအပါအဝင် ဆရာဝန်အင် အား(၂၇)ဦးနှင့် သူနာပြုနှင့် အခြားဝန်ထမ်း(၁၄၈)ဦး စုစုပေါင်း(၁၇၅)ဦးဖြင့် အတွင်းလူနာဌာန၊ ပြင်ပ လူနာဌာနနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မတ်လအစောပိုင်းတွင် တစ်နေ့လျှင် ဆေးရုံသို့ လာရောက်ကုသမှုလူနာဦးရေ(၂၀)မှ (၃၀)ဝန်း ကျင်ရှိခဲ့ပြီး ဧပြီလနောက်ပိုင်းတွင် တစ်နေ့လျှင် ဆေးရုံသို့ လာရောက်ကုသမှုလူနာ ဦးရေ(၅၀)ကျော်ရှိကြောင်းနှင့် ပြင်လူနာဌာနများအား ညနေ(၄)နာရီထိ ကုသပေးလျက်ရှိရာ အတွင်းလူနာများအား ဧပြီလ(၅)ရက်နေ့မှ စတင်လက်ခံ ကုသပေးသွားမည်ဖြစ်ကြောင်းနှင့် နှလုံးပုံရိပ်ဖော်ဓာတ်မှန်ဖြင့်လည်း ရောဂါကုသပေးလျက်ရှိကြောင်း ရန်ကင်းကလေး ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်မျိုးလှိုင်ထံမှ သိရသည်။

လှလှထွေး (ပြန်/ဆက်)