ငါန်းဇွန်မြို့၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအခမ်းအနားကျင်းပ

ငါန်းဇွန်  မေ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာန၌ ယနေ့နံနက်က (၇၅)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များ အား အာရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်းနှင့် (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယနေ့နံနက် ၆နာရီအချိန်က (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတု အထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်းနှင့် နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပရာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင်သန့်က (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ် မိန့်ခွန်းဖတ်ကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအား ဗလာမပါ ကံစမ်းမဲအစီအစဉ် ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။                                           

သက်နောင်ဦး(ငါန်းဇွန်)