စစ်ကိုင်း မေ ၅
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ စစ်ကိုင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား မြို့နယ်အလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘော့လုံးပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကို မေ(၄)ရက်၊ ညနေ(၄)နာရီက စစ်ကိုင်းမြို့မ အားကစားကွင်းတွင် ကျင်းပပြု လုပ်ခဲ့ ကြောင်းသိရသည်။
အမျိုးသားဘော့လုံးပြိုင်ပွဲကို ခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင် မြို့နယ်များမှ ဘော့လုံး အသင်းများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ(၁)ရက်မှစတင်၍ ပန်လည်စနစ်ဖြင့်ကစားခဲ့ကြရာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် စစ်ကိုင်းနှင့် မြင်းမူ အမျိုးသားဘော့လုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းမြို့နယ် ဘော့လုံးအသင်းက မြင်းမူမြို့နယ် ဘော့လုံးအသင်းကို ရှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။
ဘော့လုံးယှဉ်ပြိုင်မှုအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ ရရှိခဲ့ကြသော ဘော့လုံးအသင်းများကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းစိန်နှင့်အဖွဲ့ဝင်များ၊ တာ ဝန်ရှိသူများက တံခွန်စိုက်ဆု၊ ငွေသားဆုနှင့် အခြားဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်