ပွင့်ဖြူ မေ ၄
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင် ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေ ၄ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ သည်။
စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန(တာဝန်ခံ) မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်း က ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းရန်ပုံငွေများ ထုတ်ချေးရာတွင် မိသားစုဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိရှိ သုံးစွဲသွားကြရန်နှင့် စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ပေါက်ကုန်းကျေးရွာရှိ မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်း အသင်းသားများ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းရန်ပုံငွေ အတိုင်းအရင်း ငွေကျပ် ၃၉၈၉၀၀၀၀ အား ကျေးရွာစီမံကိန်းကော်မတီဉက္ကဌ ဦးဇော်မင်းဦး ထံ လွှဲပြောင်းထုတ်ချေးပေးခဲ့ပြီး (၅)နှစ်အတွင်း စီမံကိန်းအတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းအနက် ငွေကျပ် သိန်း(၉၀)ဖြင့် ကျေးရွာမီးလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )