ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပပြုလုပ်

မောင်တော မေ ၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁ ခုနှစ်၊ မေလ(၅) ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို မောင်တောခရိုင်မီးသတ်ဦးစီမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ပေးပို့ သော သံဝဏ်လွှာအားဖတ်ကြားခဲ့ပြီး ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ရာ ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် (အရာရှိ၊ အကြပ် ၊ အခြား) အဆင့်  ကျင့်ဝတ် ဖြေဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် နေအိမ်လိုင်းခန်း သန့်ရှင်း သာယာလှပရေး ဆုများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်၊ ခရိုင်/ မြို့နယ်မီးသတ် စခန်းများရှိ အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြ သည်။ ထို့နောက် ပင့်ဖိတ်သံဃာတော်သုံးပါးထံမှ ပရိတ်တရားတော်များနာယူပြီး လှူဖွယ် ပစ္စည်းများဆက်ကပ်ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်