(၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျောက်ဖြူမြို့တွင်ပြုလုပ်

ကျောက်ဖြူ မေ ၅

၂၀၂၁ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့ နံနက်(၉)နာရီအချိန်က ကျောက်ဖြူခရိုင် မီးသတ်ဦးစီးဌာနစခန်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောက်ဖြူခရိုင်မီးသတ်တပ်ဖွဲ့၊ ခရိုင်ဦးစီမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူလင်းက (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အတွက် ပေးပို့လာသော သံဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်း အနားကို ပြုလုပ်ခဲ့ရာ ဝတ်စားဆင်ယဉ်မှုအကောင်းဆုရရှိသူ တပ်ဖွဲ့ဝင်နှစ်ဦးအား ခရိုင်ဦးစီးမှူး နှင့် မြို့နယ်ဦးစီးမှူးတို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ တပ်ဖွဲ့ဝင်တစ်ဦးအား ဒုတိယဦးစီးမှူးမှလည်းကောင်း၊ အိမ်ထောင်သည် လိုင်းခန်း အသန့်ရှင်းဆုံးဆု နှစ်ဆု ခရိုင်မီးသတ်ဦးစီးမှူး၏ ဇနီးမှလည်းကောင်း ဆုများပေးအပ် ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ကျောက်ဖြူခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လည်းကောင်းတို့၏ ဇနီးများတပ်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း၊တင်ထွန်းဦး