ကံမ မေ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ် (၄)ရပ်ကွက်ရှိ ညောင်လေးပင်တန်း လမ်း အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဆင့်မြှင့်ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ဘဏ္ဍာငွေမှ ငွေကျပ် (၁၀၄) သိန်း ဖြင့် လမ်းအကျယ်(၁၂)ပေ၊ အရှည်(၄၇၀)ပေနှင့် အနက်ထု(၈)လက်မအား ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကျော်ဇေယျဝင်း