မော်လမြိုင် မေ ၆
၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သည် (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်း သွေးလှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၅)တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)တွင် ပြုလုပ်ခဲ့သည်။
စုပေါင်းသွေးလှူဒါန်းနေမှုကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အရာရှိစစ်သည်များ၊ မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် တာဝန် ရှိသူများတို့က လှည့်လည်ကြည့်ရှုပြီး သွေးလှူဒါန်းသည့် မီးသတ်တပ်ဖွဲ့မှ အရာရှိများ၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတို့က အာဟာ ရဖြည့်စွက် အစားအစာ များ ပေးအပ်ခဲ့သည်။
(၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်း(၂၉) ဦးတို့ က မော်လမြိုင်မြို့ အမှတ်(၅)တပ်မတော် ဆေးရုံ (ခုတင်-၃၀၀)တွင် စုပေါင်းသွေး လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဝေလင်းအောင်