ညောင်လေးပင် မေ ၆
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိူးတိုးတတ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မေလ ၅ရက်နေ့ နံနက် ၁၀နာရီ အချိန်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ် ဆွေးနွေးပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းယုံးက အဖွင့်အမှာစကားပြောကြားပြီး ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဦးထက်နောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည် ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများမှ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား သုံးသပ်ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်
ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာ ၃၂ရွာရှိ စီမံကိန်းယူနစ် ၂၇ယူနစ်မှကျေးရွာကော်မတီဝင်များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)