ပေါက်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ပေါက် မေ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်တွင် ဧပြီ ၂၉ ရက်နေ့က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အချို့ အမိုးလံပျက်စီးခဲ့ရသော ဒေသခံ ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မေလ ၄ ရက် ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပေါက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းပပကျော်တို့က မြို့နယ် အတွင်းရှိ လေဘေးသင့် အိမ်ခြေ (၄၂)အိမ်၊ လေဘေးသင့်ပြည်သူ(၂၃၂)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုး ငွေကျပ်(၄၈၇၂၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၂၅၀၆၅၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၉၉၃၇၀၀ကျပ်အား ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။

ဉာဏ်တိုး(ပေါက်)