ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

 

ဝေါ   မေလ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၃၉၅) ဦးရှိခဲ့ရာ အဆိုပါ ကူးစက် ခံရသူများထဲမှ သေဆုံးသူ ()ဦးရှိခဲ့ကြောင်း ကူးစက်ခံရသူများအားလုံး ပြန်လည်ကျန်းမာလာခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင် မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းပထမအကြိမ်(၉၈၁)ဦးနှင့်ဒုတိယအကြိမ်တွင် (၈၃၄)ဦးတို့အားလည်းကောင်း၊ ဘုန်းတော် ကြီးများ ပထမအကြိမ် (၆၉၈)ဦးနှင့် ဒုတိယအကြိမ် (၆၁၉)ဦးတို့အားကာကွယ်ဆေးထိုးပေးခဲ့ပြီး မတ်လ ၁၂ ရက်နေ့က ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၁၈)နှစ် အထက်ဒေသခံပြည်သူ များအား ပထမအကြိမ် COVISHELD ကာကွယ်ဆေး လူဦးရေစုစုပေါင်း (၂၉၀၇) ဦးအား ထိုးနှံ ပေးခဲ့သည်။

ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား မေလ()နေ့မှစ၍ မေလ()ရက်နေ့ထိ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကိုလည်းကောင်း၊ မေလ(၁၉)ရက်နေ့၊ မေလ(၂၀) ရက်နေ့တို့တွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှ ဆရာဝန်ကြီးဒေါက်တာကျော်မိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)