ပခုက္ကူမြို့၌ ချောင်းရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ပခုက္ကူ မေ ၆

ပခုက္ကူမြို့၌မေလ၁ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်၂၁လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် အိမ်ထောင်စု ဝင်များအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်၁၁နာရီခွဲအချိန်က ပခုက္ကူ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

မေ၁ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာအုပ်စုအနောက် သီရိကျေးရွာ၌ လူနေအိမ်၁၅လုံး ပျက်စီးပြီး အိမ်ထောင်စု ၁၅ စု လူဦးရေ ၄၅ ဦးနှင့် ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက် ရွှေချောင်း ရေတိုက်စားမှုကြောင့် လူနေအိမ် ၆ လုံးပျက်စီးပြီး အိမ်ထောင်စု ၆စု၊ လူဦးရေ ၃၁ ဦး သဘာဝ ဘေးဒဏ်သင့်ခဲ့သဖြင့် ပခုက္ကူခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် အိမ်ထောင်စုဝင်များအတွက် ဆန်ရိက္ခာဖိုးငွေစုစုပေါင်းကျပ် ၁၀၆၉၆၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ပြာစိုးနှင့် တာဝန်ရှိသူများက သဘာဝဘေးဒဏ်သင့်မိသားစုများနှင့် အုပ်ချုပ်ရေးမှူးများထံထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်(အဝေးသင်)