ရေဦးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် ပျက်စီးဆုံရှုံးမှုများဖြစ်ပေါ်

ရေဦး မေ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် မေ ၄ ရက်ညက မိုးသက်လေပြင်း ကျရောက်ခဲ့သည်။

မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် ကြာပန်းညိုကျေးရွာတွင် လူနေအိမ် ၂ လုံး၊ လေးရွာအုပ်စု ကွမ်းခြံ၊ အောင်ဇေယျအေး၊ သာစည် ကျေးရွာတွင် လူနေအိမ် ၃၈ လုံး၊ မုံတိုင် ပင်ကျေးရွာ အုပ်စုတွင် ထန်းလက် မိုးပြိုလဲ လူနေအိမ်အပါအ၀င် နေအိမ် ၁၅ လုံး၊ ဘုန်းတော်ကြီး ကျောင်းဆောင် တစ်ဆောင်၊ ဗိုလ်အောင်ဇေယျရပ်ကွက်တွင် အိမ် ၁၂ လုံး၊ အောင်ချမ်းသာ ရပ်ကွက်တွင် အိမ် ၆ လုံး၊ရွှေပြည်သာရပ်ကွက်တွင် ဆန်စက်နှစ်လုံးနှင့် လူနေအိမ် ၉ လုံး၊ အောင်မင်္ဂလာရပ်ကွက်တွင် လူနေအိမ်တစ်လုံး အမိူလန် ပျက်စီးကာ ရေဦးကုန်းကျေးရွာတွင် လူနေအိမ်တစ်လုံးပြိုလဲ ပျက်စီး ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုကိမှုမရှိခဲ့ကြောင်း မြို့နယ် ဘေး အန္တရယ် စီမံခန့်ခွဲ ရေးဌာနရေးဦးစီးဌာနမှ သိရပြီးသဘာ၀ဘေးဏ်သင့် အိမ်ထောင်စု များအား အချိန်မီထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းသန်း