တံတားဦးမြို့နယ် ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

တံတားဦး မေ  ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် ငါးရာပြားကျေးရွာအနီး၌ ကျင်းပကြောင်းသိရသည် ။

အဆိုပါ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ညီတိုး ၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မျိုးသိန်း ၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှဝင်းအောင်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက ဧရာဝတီမြစ်အတွင်းသို့ ငါးခုံးမကြီး ကောင်ရေ(၂)သိန်း ၊ ရွှေဝါငါးချင်း ကောင်ရေ(၈)သောင်း ၊ ငါးမြစ်ချင်းကောင်ရေ(၂)သောင်း ၊ စုစုပေါင်းငါးကောင်ရေ(၃)သိန်းတို့ကို စိုက်ထည့်ပေးကြသည် ။

ငါးမျိုးများစိုက်ထည့်ခြင်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအတွင်း ငါးသားပေါက်စခန်း (၄)ခုရှိပါကြောင်း ၊ ငါးသယံဇာတရေရှည်တည့်တံ့ဖွံ့ဖြိုးတိုးတက်ရေး ၊ ငါးမျိုးပြုံးတီးမှ ကာကွယ် စောင့်ရှောက်ရေး ၊ လူတစ်ဦးချင်းငါးစားသုံးမှုမြင့်မားတိုးတက်ရေး စသည့်ရည်ရွယ်ချက်များဖြင့် စိုက်ထည့်ခြင်းဖြစ်ကြောင်း ၊ နှစ်စဉ် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုများလည်း စိုက်ထည့်ပေးပါကြောင်း ၊ ဒါ့အပြင် တံတားဦမြို့နယ်  ဧရာဝတီမြစ် ( သဘာဝရေလျှံကွင်းအတွင်း )သို့လည်းငါးမျိုးများ စိုက်ထည့်ပေးပါကြောင်း ကျောက်ဆည်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းထံမှ သိရသည် ။

ရဲတင့်(တံတားဦး)