သတင်းများ

နတ်တလင်းမြို့တွင် ၂၀၁၉-၂၀၂၀ ခုနှစ် ရေကြီးနစ်မြုပ်မှု သဘာဝဘေးအတွက် ထောက်ပံ့ငွေများ ပေးအပ်
May 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် ရေကြီးနစ်မြုပ်မှု သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လယ်မြေများအတွက်  နိုင်ငံတော်မှ ထောက်ပံငွေပေးအပ်ခြင်းကို မကျီးစုကျေးရွာအုပ်စုနှင့် ထိပ်ပိတ်ကျေးရွာအုပ်စုတို့မှာ ​ယမန်နေ့နံနက် ၉နာရီက တပြိုင်တည်း ပေးအပ်ခဲ့ပါသည်။
စစ်ကိုင်းတောင်ရိုး သစ်ဆိမ့်ချောင် ဆုတောင်းပြည့် “မြဆုမွန်” စေတီတော်၏ ရွှေထီးတော် တင်လှူပွဲ၊ ဓမ္မာရုံရေစက်ချလှူဒါန်းပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကျင်းပ
May 18,2021
စစ်ကိုင်းမြို့နယ် ဝါးချက်ကျေးရွာ သစ်ဆိမ့်ချောင်ကျောင်းအတွင်း တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဆုတောင်းပြည့် “မြဆုမွန်” စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ၊ ဓမ္မာရုံရေစက်ချလှူဒါန်းပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၇) နာရီက အဆိုပါ ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့သည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြန်မာစာစွမ်းရည် ပြိုင်ပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ
May 18,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူအသင်း(Book Club) နှင့် ပူးပေါင်း၍ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင် ရန်၊  မြန်မာစာအရေးအသား သတ်ပုံအထားအသိုမှန်ကန်စေရန်နှင့် မြန်မာစကားပုံများကို သိရှိစေရန် ရည်ရွယ်၍ မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်သည်။
ရမ်းဗြဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းပြီးစီး
May 18,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ (VDP) ဆောက်ရွက်သော ကျေးရွာရေပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြေပုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
May 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သံလွင်တံတား (မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
May 18,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ သံလွင်တံတား (မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဂွမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး လူစည်ကားရာ နေရာများတွင် Mask   Campaign ပြုလုပ်
May 18,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲက ဂွမြို့ လူစည်ကားရာ နေရာဖြစ်သော မီးပွိုင့်လမ်းဆုံတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် Mask Campaign ပြုလုပ်ကာ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး  ကွင်းဆင်းဆောင်ရွက်
May 18,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈:၃၀) နာရီအချိန်က လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၅) အ​ခြေခံပညာအလယ်တန်း​ကျောင်းများသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။