မြေပုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

မြေပုံ မေ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ () နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲသို့ ပြည်သူများနှင့်အမြဲမပြတ် ထိတွေ့ဆက်စပ်လျက်ရှိနေသည့် ရပ်ကွက်/ကျေးရွာ အုပ်စု (၇၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လူမှုဝန်ထမ်း ဝန်ထမ်းရုံးဝန်ထမ်များ တက်ရောက်ကြပြီး ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါ်သန်းသန်းဝင်းက ကလေးသူငယ်ဆိုင်ရာ ဥပဒေများအား  Projector ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောကြောင်း သိရှိရသည်။

တင်ဝင်း