သတင်းများ

ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းစာအုပ်ကို စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ  ပြန်လည်ဖွင့်လှစ်ဆောင်ရွက်
May 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများစာပေလေ့လာ ဖတ်ရှု့နိုင်စေရန်အတွက် ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက်အားကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပန်းတောင်းမြို့တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွား လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့မစျေးနှင့် ကြခတ်စျေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကျေးရွာများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန် အဟုန်အမြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ကျေးရွာများအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
May 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ၃ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများ စာ‌ပေဖတ်ရှု‌လေ့လာ အခမဲ့ငှားရမ်းနိုင်ရန်အတွက် မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် စာငှား/စာဖတ်ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ
May 18,2021
ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ် စာပေများကို စဉ်ဆက်မပြတ် ဆက်လက် လေ့လာဖတ်ရှုငှားရမ်းနိုင်ရန် ရည်ရွယ်၍ မြိတ်မြို့ အထက(၃)ကျောင်း လမ်းရှိ မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်၍ စာဖတ်စာငှားဝန်ဆောင်မှုလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။