သတင်းများ

ပုလဲမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ ကျင်းပ
May 18,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) ကွပ်ကဲမှု အောက်ရှိ ပုလဲမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွာရေးအတွက် ဖုန်းသွန်၊ လှဲ၊ စစ်စနစ်ဖြင့် ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
May 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဝန်ထမ်း များပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ပိုးလောက် လန်းသေ (အဘိတ်) ဆေးခတ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ငါးသိုင်းချောင်း၌ လေဘေးသင့် နေအိမ်ပြိုပျက် အိမ်ထောင်စု(၈)စုသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
May 18,2021
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ညောင်မှော်ကျေးရွာအုပ်စုနှင့် မြက်တို ကျေးရွာအုပ်စုများတွင် မေလ(၆)ရက်နှင့် (၇)ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရသော နေအိမ်(၈)လုံးရှိခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်မြို့ ပန်းခြံ ဆိပ်ခံဘောတံတားမှ သဘာဝရေပြင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပြည်မှ ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၀၀) ကျော်တွင် မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံပေးသွားမည်
May 18,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား တစ်ပြိုင်နက် တည်း ဖွင့်လှစ်မည်ဖြစ်ရာ မေလ (၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနထံမှ သိရသည်။
ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်လုံးဆိုင်ရာ နိဗ္ဗာနမဂ္ဂကာရီ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံရှိ မြတ်စွာဘုရား ရုပ်ပွားတော်မြတ်များအား ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကျင်းပ
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်၊ ရပ်ကွက်လုံးဆိုင်ရာ၊ နိဗ္ဗာနမဂ္ဂကာရီ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံကြီးတွင် ကိန်းဝပ်စံပါယ်တော်မူတော်သော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးများနှင့် ဗုဒ္ဓရုပ်ပွါးတော်မြတ်များအား၊ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ရှိ ဆင်မြီးဆွဲမြို့မစျေး၊ သဲကုန်းမြို့မစျေးနှင့် မြို့နယ်ပညာရေးမှူး ရုံး၊ ပုတီးကုန်းမြို့မစျေး၊ ဝက်ပုတ်မြို့မ စျေးနှင့် အင်းမမြို့မစျေးတို့အား မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် ယမန်နေ့က တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ ဈေးအတွင်း / အပြင်တို့အား မီးသုံးစွဲမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကသာမြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ထုတ်ပေး
May 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကို မေလ(၁၁) ရက်နေ့မှစ၍ မြို့နယ်ပညာရေးမှူးရုံးနှင့် သတ်မှတ်ထားသည့် အခြေခံပညာအထက်တန်း ကျောင်းများ တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။