စုကလိမြို့အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်
May 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်းအသိပညာပေးဆိုင်းဘုတ်များတပ်ဆင်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ အကွာအဝေးတိုင်းတာသတ်မှတ်ပေးခြင်းလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီ က စုကလိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။