လှိုင်မြို့နယ်တွင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး  ကွင်းဆင်းဆောင်ရွက်

လှိုင်  မေ ၁၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈:၃၀) နာရီအချိန်က လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၅) အ​ခြေခံပညာအလယ်တန်း​ကျောင်းများသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းမင်း​အောင်၊ အဖွဲ့ဝင်(၂)ဦးအုန်းမြင့်တို့က ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများနှင့် တွေဆုံ၍ ကျောင်းလုံခြုံရေးကိစ္စများ၊ သန့်ရှင်းရေး ကိစ္စများနှင့် ကျောင်းအပ်နှံရေးကိစ္စများအား ဆွေးနွေးပြောကြားခဲ့ကြပြီး လိုအပ်ချက်များကို ကူညီပံ့ပိုးကူညီ ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး  မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်မှာဖြစ်ကာ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၄)ကျောင်း၊ အထက​ကျောင်းခွဲ (၂ ​)ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ အလက​ကျောင်းခွဲ(၁) ​ကျောင်း၊မူလတန်းလွန်​ကျောင်း (၅​)ကျောင်း၊ မူလတန်းကျောင်း (၂၁)ကျောင်း၊ စုစုပေါင်း (၃၈)ကျောင်းအား ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သန္တာ​မေ (ပြန်/ဆက်)