နတ်တလင်း မေ ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် ရေကြီးနစ်မြုပ်မှု သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လယ်မြေများအတွက် နိုင်ငံတော်မှ ထောက်ပံငွေပေးအပ်ခြင်းကို မကျီးစုကျေးရွာအုပ်စုနှင့် ထိပ်ပိတ်ကျေးရွာအုပ်စုတို့မှာ ယမန်နေ့နံနက် ၉နာရီက တပြိုင်တည်း ပေးအပ်ခဲ့ပါသည်။
ထောက်ပံ့ငွေပေးအပ်ခြင်းကို ကျေးရွာစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်စုစာရေးတို့က တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စနစ်တကျထုတ်ပေးရာ မကျီးစုအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူ ၂၉ ဦး၏ လယ် ၈၄ ဧကအတွက် ငွေကျပ်-၈၄၀၀၀၀ ကိုလည်းကောင်း မကျီးစုအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူ ၁၆ ဦး၏ လယ် ၄၇ ဧကအတွက် ငွေကျပ် ၄၇၀၀၀၀ တို့ကို တစ်ဦးခြင်း ခွဲဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်