မော်လမြိုင် မေ ၁၈
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ သံလွင်တံတား (မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတား အထူးအဖွဲ့ (၁၄) (မော်လမြိုင်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သံလွင်တံတား(မော်လမြိုင်) ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၃၉၅.၀၀၀) သန်းဖြင့် ပြည်နယ် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဖြူဘ- သဲအိမ်- မုတ္တမလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကတ္တရာရေပိတ်လွှာလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဝေလင်းအောင်