ဂွမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး လူစည်ကားရာ နေရာများတွင် Mask   Campaign ပြုလုပ်

ဂွ မေ ၁၈

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲက ဂွမြို့ လူစည်ကားရာ နေရာဖြစ်သော မီးပွိုင့်လမ်းဆုံတွင် ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် Mask Campaign ပြုလုပ်ကာ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်သူများကို ကိုဗစ်၁၉ ရောဂါပိုးများ မိမိတို့မြို့နယ်အတွင်း ၀င်ရောက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်စေရန် Mask Campaign အနေဖြင့် Mask အခု (၁၀၀၀)Hand Gel ဘူးများ၊ လက်အိတ်များ ဖြန့်ဝေပေးခြင်းကို အသိပညာပေးရေး လုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်း