လားရှိုးမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းမရှိသူများအား စာရင်းပြုစုခြင်း လုပ်ငန်းဆောင်ရွက်
May 18,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံစိစစ်၍ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် ကျန်ရှိသူများအားစိစစ်အတည်ပြုခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စိစစ်ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးဦးဆောင်၍ တိုက်နယ်မှူး ဝန်ထမ်းများနှင့် ရပ်/ကျေးတာဝန်ရှိသူများမှပူးပေါင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။