သတင်းများ

ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌဖလား အသက်၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ကျင်းပ
May 18,2021
ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌဖလား အသက်၂၁နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အကြိုဗိုလ်လု ပွဲကို ယမန်နေ့က ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း တွင်ကျင်းပ ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ခင်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း တွေ့ဆုံ
May 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နေ့လယ်နေ့ (၁) နာရီက မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း
May 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် လူဝ​င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများက ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိနေသူများစာရင်း၊ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မတိုင်မီ မွေးဖွားသူများ စာရင်းအား ရပ်ကွက်(၅)ခုအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း အစည်းအဝေးတွင် ဝေငှပြီးဖြစ်၍ ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ပြီး ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုတွင် အသက်(၁၈)နှစ်ပြည့်သူများနှင့် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မတိုင်မီ မွေးဖွားသူစာရင်းများအား ရပ်ကွက်မှ ပေးပို့လာသည့် စာရင်းအတိုင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထားဝယ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တနင်္သာရီမြို့တွင် (COVID-19)ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး (Mask Campaign) ပူးပေါင်းပြုလုပ်ဆောင်ရွက်
May 18,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  တွင် COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေးနှင့် နေအိမ်မှ ပြင်ပသို့ သွားလာသူများ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် သွားလာသည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီမှစ၍ ချောင်းငယ်ရပ်ကွက် ၊ဈေးလမ်း၊ အောင်မင်္ဂလာ (၂)ဈေး အရှေ့နှင့် စျေး အတွင်း၌ (Mask Campaign) ကိုပူးပေါင်းပြုလုပ်ဆောင်ရွက်ကြသည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စေရေးအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ် မြို့မဈေးနှင့် ဈေးတံတားလမ်းဆုံ၊ လူစည်းကားရာ‌ နေရာများ၌  ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်   ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို  လိုက်နာရန်  အသိပညာပေး လုပ်ငန်းကို  ယနေ့နံနက် ၈ နာရီအချိန်က ဈေးတံတားလမ်းဆုံနှင့် မြို့မဈေးအတွင်း၊ လူစည်းကားရာ နေရာများ၌ နှာခေါင်းစည်း(mask) များ အခမဲ့ဖြန်ဝေခဲ့ကြသည်။