ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြန်မာစာစွမ်းရည် ပြိုင်ပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

ငဖဲ  မေ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူအသင်း(Book Club) နှင့် ပူးပေါင်း၍ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင် ရန်၊  မြန်မာစာအရေးအသား သတ်ပုံအထားအသိုမှန်ကန်စေရန်နှင့် မြန်မာစကားပုံများကို သိရှိစေရန် ရည်ရွယ်၍ မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက ကျောင်း သား၊ ကျောင်းသူများ နွေကျောင်းပိတ်ရက်အတွင်း အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မြန်မာ စာလုံး ပေါင်းသတ်ပုံကို မှန်မှန်ကန်ကန်ရေးသားတတ်စေရန်အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) ဥက္ကဋ္ဌ ဦးသန်းဦးက မြန်မာစာ မြန်မာစကားအကြောင်း၊ စာလုံးပေါင်းသတ်ပုံမှန်ကန်စွာ ပြောဆိုရေးသားနည်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြား၍ မြန်မာစာစွမ်းရည်ပြိုင်ပွဲအဖြစ် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ခြင်းနှင့် မြန်မာစကားပုံ အကြောင်းအရာများကို ပြိုင်ပွဲကျင်းပပြုလုပ်ရာ အခြေခံပညာအလယ် တန်းဆင့် ကျောင်းသားကျောင်းသူ (၁၅) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနံရံကပ် စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။              

မယု(ငဖဲ)