ရမ်းဗြဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းပြီးစီး

ရမ်းဗြဲ   မေ  ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ (VDP) ဆောက်ရွက်သော ကျေးရွာရေပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးမှုကို မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းသည် တာဝန်ခံ ဝန်ထမ်း များနှင့်အတူ ယနေ့နံနက်ပိုင်းက မြေပုံကျေးရွာအုပ်စု၊ ဂြင်းတော ကျေးရွာတွင် မြေသား ရေကန်မှ ရေအားပိုက်လိုင်သွယ်တန်းပြီး အိမ်တိုင်ရာရောက်ရေမီတာစနစ်ဖြင့် ရေပေးဝေခြင်း ဆောင်ရွက် ပြီးစီးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ၎င်းလုပ်ငန်းများမှာ (VDP)ရန်ပုံငွေဖြင့် ကျေးရွာကော်မတီမှ ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သော လုပ်ငန်းဖြစ်ပြီး ကျေးရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ထားရှိသော အမြင့်ရေကန်မှရေကို ရေပိုက်လိုင်း သွယ်တန်းခြင်း (၅၄၀၀) ပေ အား ကျေးရွာဖွံဖြိုးရေးရန်ပုံငွေ (၁၀၀) သိန်း ကျေးရွာသူ သားများ၏ လုပ်အားတန်ဖိုး ၁၇ ဒသမ ၆ သိန်း၊ စုစုပေါင်း ၁၁၇ ဒသမ ၆ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။

ရမ်းဗြဲမြို့နယ် မြေပုံကျေးရွာအုပ်စု၊ ဂြင်းတောကျေးရွာတွင် အိမိခြေ (၇၆) အိမ်၊ အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၄၈၄) ဦး နေထိုင်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ယခုအခါ ကျေးရွာသူ၊ ကျေးရွာ သား များမှာ သောက်သုံးရေဖူလုံစွာရရှိနေပြီဖြစ်ကြောင်းသိရသည်။

တင်ထွန်း