မတ္တရာ မေ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စကျင်ကျေးရွာ အခြေခံပညာ အထက်ကျောင်းတွင် ယမန်နေ့ည ၉နာရီ၁၀မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ စကျင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၉နာရီ၁၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ၆၀ပေ၊ ၂၄ပေရှိ သက်ကယ်မိုး၊ ထရံကာ မူလတန်းကျောင်းသစ်မှာ သက်ကယ်အမိုး(၁၅)ပေပတ်လည်ခန့် မီးလောင်ကျွမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်စခန်းမှတာဝန်ရှိသူများမှ သွားရောက်ခဲ့ကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ ရေနံ့သာနယ်မြေ ရဲစခန်းမှ အမှုဖွင့်စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်