ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 28,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများ၊ စာပေဝါသနာရှင်များ အား စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ စာဖတ်သည့် အလေ့ အကျင့်တိုးပွားလာစေရေးနှင့်စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။